အဆင့် ၁

Aeropress ဘူးရှည်အတွင်းက အဆို့ကို လက်မလေးဖြင့် တွန်းထုတ်ပေးပါ

အဆင့် ၂

စစ်ခွက် နေရာတွင် ရေစစ်စက္ကူလေး ထည့်ပါ။

အဆင့် ၃

ရေစစ်စက္ကူ ပါပြီးသား ကော်ဖီစစ်ခွက်ကို Aeropress ဘူးအရှည်လေးနှင့် သွားဆက်ပြီး တစ်ပတ်ရစ်ကာ ပိတ်ပါ။

အဆင့် ၄

ကော်ဖီမတ်ခွက် တစ်ခုယူပြီး Aeropress လေးကို စစ်ဇကာအနေအထားတိုင်း မတ်ခွက်ပေါ်တင်ပြီး ကြိတ်ပြီးသား ကော်ဖီမှုန့်ကို ကော်ဖီချိန်ခွက် တစ်ဇွန်းအပြည့်စာ ထည့်လိုက်ပါ။

အဆင့် ၅

ကော်ဖီမှုန့်မျက်နှာပြင် ညီညာနေအောင် Aeropress ကို အနည်းငယ် လှုပ်ပေးပါ။

အဆင့် ၆

ကော်ဖီအပူရရှိရန် 175’F သို့ 85’C အပူချိန်ရှိသော ရေနွေး (သို့) ကော်ဖီအေး ရရှိရန် ရိုးရိုးရေ ကို Aeropress တွင်ပြထားသော level 1 ထိ ဖြည့်ပေးပါ။

အဆင့် ၇

ကော်ဖီအပူ ဖျော်ရန် ရေနွေးထည့်ထားပါက ၁၀ စက္ကန့်စာ မွှေပေးပါ။ (သို့) ကော်ဖီအအေး ဖျော်ရန် ရေအေးထည့်ထားပါက ၁ မိနစ်စာ မွှေပေးပါ။

အဆင့် ၈

ကော်ဖီအရည် စစ်ှရန် ကော်ဖီစစ်ဇကာကို ညင်ညင်သာသာ ဖိနှိပ်ပြီး အရည်ညှစ်ယူပါ။ နှပ်ကော်ဖီအရည် လိုအပ်တဲ့ ပမာဏ ရရှိသည်ထိ အဆို့ကို အပေါ်မှဖိပေးပါ။

အဆင့် ၉

ကော်ဖီစစ်ဇကာကို ပြန်လည် ဖြုတ်ပြီး Aeropress အတွင်းမှ ကော်ဖီအနည်များကို တွန်းထုတ်ကာ စင်ကြယ်အောင် ဆေးကြောပြီး အခြောက်ခံထားပါ။

အဆင့် ၁၀
Espresso ပုံစံ သောက်ချင်ပါက မူလ ကော်ဖီအရည်အတိုင်း သောက်သုံးနိုင်ပါသည်။
Americano ပုံစံ သောက်ချင်ပါက မတ်ခွက်အတွင်း ရေနွေးအနည်းငယ် ထပ်မံရော၍ သောက်သုံးနိုင်ပါသည်။
Latte ပုံစံ သောက်သုံးချင်ပါက နို့အနည်းငယ် ထပ်မံရော၍ သောက်သုံးပါ။
ကော်ဖီအေး သောက်ချင်ပါက ခွက်ထဲသို့ ရေအေး သို့မဟုတ်ရေခဲရေ လိုသလောက် ထပ်ထည့်၍ သောက်သုံးနိုင်ပါသည်။

Leave a Reply