Aeropress ဆိုတဲ့ကော်ဖီဖျော်စက်ကို ကော်ဖီပညာရှင်တွေအရမ်းကြိုက်ကြတာကြားဖူးမှာပါ။ ကော်ဖီစေ့ကောင်းကောင်းသုံးပြီး ကော်ဖီကိုသေသေချာချာနားလည်တဲ့ဆိုင်တွေမှာဆိုရင် စက်ဖျော် (espresso brew)၊ ရေလောင်း (pour-over)၊ ပြင်သစ်စတိုင် (French Press) တို့တွေအပြင် Aeropress ဖျော် နဲ့ အအေးဖျော် (cold-brew) တွေမှာလို့ရတာတွေ့ဖူးကြမှာပါ။ Aeropress ဖျော်ရဲ့သိမ်သိမ်မွေ့မွေ့ အရသာက်ို လူကြိုက်များကြပြီး ခရီးသွားများတဲ့သူတွေကတော့ သွားတိုက်တံပြီးရင် မပါမဖြစ်တဲ့ ခရီးဆောင်ပစ္စည်းအဖြစ်ထည့်သွားတဲ့အထိကြိုက်ကြပါတယ်။ အခုအသစ်တီထွင်လိုက်တဲ့ Aeropress Go ဟာအရင် Aeropress ကပေးတဲ့အရသာနဲ့ လွယ်ကူသက်သာမှုအပြင်ကို သယ်ယူရတာဝန်မလေးတဲ့အပြင် လိုအပ်တဲ့ပစ္စည်းစုံစုံညီညီ ကိုနေရာကကျဉ်းကျဉ်းနဲ့ ထည့်ပေးလိုက်လို့ခရီးသွားဖို့အတွက် အကောင်းဆုံးကော်ဖီဖျောစက်လို့ ပြောရင်မှားပါဘူး။

အရင် Aeropress နဲ့ အခု Aeropress Go ဘာတွေကွာပြီး ခရီးသွားတွေအတွက်ဘာလို့ကောင်းတာလည်းကို နည်းနည်းလေး ရေးပြထားပါတယ်။

မတ်ခွက်နဲ့ အပူခံပြား

မူလ Aeropress ထက်ပိုပြီးသုံးရအဆင်ပြေအောင်လို့ Aeropress Go မှာ မတ်ခွက်တစ်ခါထည်းပါလာတာတွေ့ရပါတယ်။ Aeropress Go တစ်စုံလုံးကို ခွက်ထဲထည့်ပြီး သယ်သွားလို့ရပြီး သူနဲ့ပါလာတဲ့ အဖုံပျော့ကိုတော့ အပူခံပြားအဖြစ်သုံးလို့ရပါတယ်။ အဖုံးပြော့အတော့ ဆီလီကုန်းနဲ့လုပ်ထားတာဖြစ်လို့အ့ပူခံနှိုင်ပြီးပျော်သွားမှာမပူရပါဘူး။ ပလပ်စတစ်ခွက်ဖြစ်လို့ တစ်ချို့လူတွေကမကြိုက်ရင် ကိုယ်ကြိုက်တဲ့ခွက်ထဲ ထည့်သောက်ပြီး ဘူးအခွံလို့ပဲသဘောထားလိုက်ရင် လည်းပြဿနာသိပ်မရှိဘူး အသုံးလိုမှပဲသုံးလို့ပြောလို့ရပါတယ်။

ဇွန်းနဲ့မွှေတံ

Aeropress မှာရော Aeropress Go မှာပါ ဇွန်းနဲ့မွှေတံ ထည့်ထားပါတယ်။ တစ်ချို့နားလည်တတ်ကျွမ်းတဲ့ သူတွေကတော့ ကော်ဖီက်ိုပါလာတဲ့ဇွန်းနဲ့မချည်တွယ်ပဲ ပေါင်ချိန်စက်အသေးလေးနဲ့ အလေးချိန်တွက်ပြီးပဲ ဖျော်လေ့ရှိကြပါတယ်။ ပိုပြီးတိကြတယ်လို့ယူဆကြပါတယ်။ သူတို့လောက်တိတိကြကြ ကော်ဖီဖျော်ကြသူတွေ မဟုတ် ရင်တော့ ပါလာတဲ့ဇွန်းလေးတွေက အသုံးဝင်ပါတယ်။ ဖျော်ရင်မွှေလို့ရအောင် ထည့်ပေးလိုက်တဲ့ မွှေတံလေး တွေကမတူကြပါဘူး။ Aeropress Go အတွက်က ခေါက်လို့ရတဲ့မွှေတံပါလို့ ဝန်ကျဉ်းပါတယ်။

ရေစစ်စက္ကူဘူး

Aeropress မှာပါတဲ့ ရေစစ်စက္ကူဘူးက ဘူးလို့တောင်ခေါ်လို့မရပါဘူး၊ ခွက်သာသာဖြစ်ပြီးစက္ကူအဝိုင်း အရွက် ၃၅၀ လောက်ထည့်ထားလို့ရပါတယ်။ အဖုံးမပါလို့သယ်ရပြုရမကောင်းပါဘူး အိမ်မှာထားသုံးလို့ပဲ အဆင်ပြေပါတယ်။

Aeropress Go မှာတော့ဘူးပြားပြားလေးလုပ်ထားပြီး ရေစစ်စက္ကူ ၁၀ ရွက် လောက်ပဲဆံ့ပါတယ်။ ခရီးတစ်ပါတ် ၁၀ ရက်လောက်သွားမဲ့လူအတွက်အနေတော်လောက်ပါပဲ။ အိမ်ပြန်ရောက်ရင် နောက်တစ်ခေါက်အတွက်ပြန်ဖြည့်သွားပေါ့။ ဒီ့ထက်ပိုကြာမည်ဆိုရင်လည်း အိတ်သေးသေးတစ်ခုခုထဲ ထည့်သွားပေါ့။

ဝယ်ဝယ်ခြင်းကတော့ဘူးထဲမှာ ရေစစ်စက္ကူ အရွက် ၃၅၀ လောက်ပါပါတယ်။​Aeropress ရော Aeropress Go မှာပါအတူတူပါပဲ။

ကော်ဖီထည့်ကတော့ (Funnel)

ကော်ဖီထည့်ရတာလွယ်အောင်လို့ Aeropress ထည့်ပေးတဲ့ ကတော့ကိုတော့ နေရာယူတာများတဲ့အတွက် Aeropress Go မှာမထည့်ပေးတော့ပါဘူး။​ ကတော့လိုရင်တော့ စက္ကူကိုလိပ်ပြီးဖြစ်ဖြစ် ကတောချိုးပြီးသုံးလို့ရတော့အရေးမကြီးလှပါဘူး။

ရေစစ်စက္ကူအဖုံး

ရေစစ်စက္ကူဖုံး ပုံစံနှစ်မျိုးမတူလှပါဘူး Aeropress မှာက အဖုံးမှာပါတဲ့အပေါက်တွေကို လေးထောင့်ကျကျဖေါက်ထားပြီး Aeropress Go မှာတော့အဝိုင်းပုံတစ်လျောက်ဖေါက်ထားတာတွေ့ရမှာပါ။ ကော်ဖီအထွက်မှာ ဘာမှကွာသွားတယ်တော့ မထင်ပါဘူး။ ဒီဇိုင်းသဘောအရ ပိုပြီးကြံ့ခိုင်တာ တွေဘာတွေတော့ရှိမှာပါ။ နောက်ပိုင်းတော့ Aeropress Go မှာပါတဲ့အဝိုင်းပုံစံတွေပဲထွက်ပါတော့တယ်။ မူလ ​Aeropress မှာထည့်သုံးလည်းအတူတူပါပဲ။

ကော်ဖီအပျော့အပျင်းနဲ့ အနည်းအများ

Aeropress Go ရဲ့ဒီဇိုင်းက မူလ Aeropress နဲ့ကွာသွားတာတွေ ရှိပါတယ်။ ပိုကောင်းသွားလား အားနည်းချက်တွေရှိလာလား ဆိုတာနှိုင်းကြည်ရအောင်။
Aeropress Go ဟာ မူလ Aeropress ထက်စာရင် ၁၀၀ ဂရမ်လောက် ပိုပေါ့သွားပါတယ်။​ ဆိုလိုတာက ၂၀ရာခိုင်နှုန်းလောက်ပိုသေးသွားတာပါ။
ပိုသေးသွားတော့ ရေထည့်စရာနေရာလျော့သွားပြီး ကော်ဖီအထွက်လည်း နည်းနည်းလေးပိုနည်းသွားပါတယ်။​ တစ်ချို့ကတော့ ကော်ဖီလည်း နည်းနည်းပျော့သွားတယ်လို့ပြောပါတယ်။ သိတ်တော့မသိသာလှပါဘူး။ တစ်ချို့ကတော့ ကော်ဖီပြင်းအောင်လို့ အမှုန့်တစ်ခွက်စာကိုနှစ်ထပ်ဖျော်ပြီးပြင်းအောင်လုပ်တယ်ကြားဖူးပါတယ်၊ ဘယ်လိုလုပ်ပြီး အရသာဘယ်လိုထွက်လဲဆိုတာတော့မစမ်းကြည့်ရသေးပါဘူး။ အခုအတိုင်းလည်းဆင်ပြေနေလို့ပါ။

ဘူးအကြီးအသေးနဲ့ ထုတ်ရထည့်ရတာလွယ်ကူမှု

Aeropress ကိုဝယ်ရင် ခရီးဆောင်အိပ်နဲ့ လာလေ့ရှိပါတယ်။ ခရီးဆောင်အိပ်ဆိုပေမဲ့ အရင်ခေါတ်က laptop တွေလိုပါပဲ နေရာတော်တော်လေးယူပါတယ်။ ထုတ်ပြီးသွားရင်ပြန်ထည့်ရတာဘယ်လိုထည့်ထည့်သူ့ နေရာနဲ့သူမရှိသလိုခံစားရပါတယ်။ အိပ်ကြမိုးကာသားစံစံ နဲ့ချုပ်ထားတာဆိုပေမဲ့ရေမလုံတာသေချာလို့ Aeropress လုံးဝချောက်သွားမှ အဝတ်အစားတွေထဲထည့်သိမ်းရဲပါတယ်။

Aeropress Go ကတော့ တစ်ဘူးလုံးမှလည်း ဇွန်း၊မွှေတံ၊ရေစစ်စက္ကူဘူး လိုအပ်တာအကုန်ပါ ပြီးသားပါ။ သူ့ မတ်ခွက်ထဲထည့်ပြီး သူ့အဖုံးလေးနဲ့ပိတ်လိုက်ရင် သူ့ဟာလေးနဲ့သူနေရာတကြလေးဖြစ်နေပါတယ်။ အဖုံးကဆီလီကုန် ဖြစ်တော့ပိတ်ထားရင် အရမ်းကြပ်မနေပေမဲ့ တော်ရုံတန်ရုံ ရေစက်လောက်ကတော့ထွက်မလာပါဘူး။ အဝတ်အစားထဲ့ထည့်ရတာသိပ်စိတ်မချရင်တော့ တဘက်လေးဘာလေးပတ်ပြီး ထည့်ထားလို့ရပါသေးတယ်။

Leave a Reply